သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-26
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ဒေသခံပြည်သူတွေ အတွက် လာမယ့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ အရေးပေါ် ဝမ်းစာဖူလုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် ကျပ်သိန်းပေါင်း ၁ သောင်း ၅ ထောင်နီးပါး သုံးစွဲသွားမယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ဒီနေ့မတ်လ ၂၆ ရက်နေ့မှာ အတည်ပြုပြောကြားပါတယ်။
2013-03-26
မြန်မာနိုင်ငံက ဆန်တွေကို နှစ်ပေါင်း ၄၅ နှစ်နီးပါး ဝယ်ယူမှုရပ်ဆိုင်းထားတဲ့ ဂျပန်နိုင်ငံက အခု ပြန်လည်ဝယ်ယူတော့ မယ်လို့ Financial Times သတင်းစာက ဒီကနေ့ ရေးသား လိုက်ပါတယ်။
2013-03-26
မတ်လ ၂၅ ရက် မနေ့ညက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင်အတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အဲဒီခရိုင်အတွင်းက မြို့နယ် ၇ မြို့နယ်မှာ မတ်လ ၂၆ ရက် ဒီကနေ့ မှာပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ကို ထုတ်ပြန်လိုက်ပါတယ်။
2013-03-26
ရန်ကုန်မြို့မှာ ဆူပူအကြမ်းဖက်မှုဖြစ်စေ မယ့် ကောလဟာလတွေကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်နေ ကြတာ ပပျောက်အောင် အစိုးရအဖွဲ့နဲ့အတူ နိုင်ငံရေး ပါတီတွေကပါ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက နိုင်ငံရေးပါတီတွေကို ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2013-03-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဝေသူအနေ နဲ့ လျှောက်ထားခဲ့တဲ့ ဒီလှိုင်းနေ့စဉ်ထုတ် သတင်းစာ အပါအဝင် ဂျာနယ် ၈ စောင်ကို ထပ်မံထုတ်ဝေခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်း စာမှာ ဖော်ပြထားပါတယ်။
2013-03-26
ဘာသာရေးအကြမ်းဖက်မှုတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်ကြောင်း အစိုးရက သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။
2013-03-26
မြန်မာနိုင်ငံမှာ အစိုးရအနေနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို ဦးစားပေးအဆင့်မှာ ထည့်သွင်း ဆောင်ရွက် ဖို့ အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက တိုက်တွန်းလိုက် ပါတယ်။
2013-03-25
မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းပေးရေး တောင်းဆို ကြတဲ့ ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဒီကနေ့ မှာလည်း ဝမ်ပေါင်ကုမ္ပဏီရှေ့အထိ လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။
2013-03-25
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်မှာရှိတဲ့ ကျူးကျော်အိမ်တွေကို အခုမတ်လအတွင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ဖယ်ရှားရှင်းလင်း ရာမှာ ပြန်လည်ဟန့်တားခဲ့တဲ့ ဒေသခံ ၁၂ ဦးကို တရားစွဲဆို ပြီး ဒီကနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးတင် စစ်ဆေးခဲ့ပါတယ်။
2013-03-25
မိတ္ထီလာမြို့မှာ ၃ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေကို နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်း အဖွဲ့တွေက မတ်လ ၂၅ရက် ဒီကနေ့မှာ ရောက်ရှိ လှူဒါန်းနေကြပါတယ်။
2013-03-25
ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး စီမံကိန်းတွေအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်းပေးအပ်ပွဲကို ရန်ကုန်မြို့ ဂျပန်သံရုံးမှာကျင်းပခဲ့ပါတယ်။
2013-03-25
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသောက် ဆိုင်၊ မီနီမားကတ်စတဲ့ ဈေးဆိုင်တွေကို ဒီကနေ့ညကစပြီး ည ၉ နာရီ နောက်ဆုံးထားဖွင့်လှစ်ရမယ် လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကနေ့မှာ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
2013-03-25
ဒီအပတ် တနင်္ဂနွေ စကားဝိုင်းမှာ မိတ္ထီလာအရေးအခင်း ဖြစ်ပွားခဲ့ပုံနဲ့ နောက်ဆုံးအခြေအနေတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-03-24
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး မနေ့က တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2013-03-24
မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ဖျက်ဆီးမှု တချို့ဖြစ်ပွားခဲ့ တယ်လို့ RFA က စုံစမ်းသိရပါတယ်။