ပူတာအိုခရိုင် ဖွံ့ဖြိုးရေး အသုံးစားရိတ် သတ်မှတ်


2013.03.26

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ဒေသခံပြည်သူတွေအတွက် လာမယ့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ အရေးပေါ်ဝမ်းစာဖူလုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် ကျပ်သိန်းပေါင်း ၁ သောင်း ၅ ထောင်နီးပါး သုံးစွဲသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ဒီနေ့မတ်လ ၂၆ ရက်နေ့မှာ အတည်ပြုပြောကြားပါတယ်။

အခုလာမယ့် ဧပြီ ၁ ရက်နေ့မှာ အကျုံးဝင်မယ့် ဒီဘဏ္ဍာရေး ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် မြန်မာနိုင်ငံအေဂျီ (ဧဝံဂေလိ) အသင်းတော်ခန်းမမှာပြုလုပ်တဲ့ ဒေသခံခရစ်ယာန်ဂိုဏ်းပေါင်းစုံက ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ လွှတ်တော်ကာလအတွင်း တစ်နိုင်ငံလုံးသုံးစွဲဖ့ို လျာထားတဲ့ ဘဏ္ဍာရေး ခွဲဝေသုံးစွဲမှုထဲကနေ ကချင်ပြည်နယ် ပူတာအိုခရိုင်က ဒေသခံတွေအတွက် အခုလိုသုံးစွဲဖို့ရရှိခဲ့တာပါ။ ပူတာအိုဒေသဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနား-ရွှေဘို-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြန်လည်ပြုပြင်နိုင်ဖို့နဲ့ ကချင်ပြည်နယ်အတွင်းက ပူတာအို၊ ဗန်းမော်နဲ့ မိုးညှင်းခရိုင်တွေထဲမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ တစ်ခြားဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ကျပ်သန်းနဲ့ချီပြီး သုံးစွဲခွင့်ရမယ်လို့ သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။