သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-11
ရခိုင့်ဦးဆောင်ပါတီ (AFP) ခေါင်းဆောင်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ ရက္ခိုင့်တပ်တော် (AA) ကို AFP ပါတီက တောင်းဆိုလိုက်ပါတယ်။
2023-09-10
အလုပ်အကိုင်ကောင်းတဲ့ ဒေသတွေဆီ ပြောင်းရွှေ့ဖို့ဆိုတာလည်း စစ်ကိုင်းတိုင်း မှတ်ပုံတင်နဲ့လူတွေ ခရီးသွားတဲ့အခါ အစစ်အဆေးတင်းကျပ်လွန်းတာကြောင့် အခက်တွေ့ရတယ်လို့ ဆိုပါတယ်။
2023-09-10
ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးရမယ့်အရေးက ကာကွယ်နိုင်ဖို့ ဒေသခံတွေလည်း တစ်နိုင်တစ်ပိုင်ပါဝင်လို့ ရတဲ့အကြောင်း ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်က အကြံပေးပါတယ်။
2023-09-10
ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ပေါင်း ၃ဝဝဝ ကျော်ရှိခဲ့ပြီး ယူကရိန်း၊ မြန်မာနဲ့ ဗာခီနာဖာဆိုနိုင်ငံ သုံးနိုင်ငံမှာ အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာဆိုင်ရာပညာရေးကာကွယ်ရေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2023-09-10
အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရေးယူဖို့ လေယာဉ်ဆီရောင်းချတာတွေ တားမြစ်ဖို့ တောင်းဆိုနေချိန် ရုရှားကနေ မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေပို့နေတာဖြစ်ပါတယ်။
2023-09-10
အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့၊ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့ရောက် မြန်မာတွေ စုရုံးပြီး မြို့ရဲ့ ထင်ရှားတဲ့ နေရာတွေမှာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
2023-09-10
စစ်ကောင်စီတပ်က လူနေရပ်ကွက်နဲ့ ကျေးရွာတွေကို လက်နက်ကြီး ဒါမှမဟုတ် လေကြောင်းသုံး တိုက်ခိုက်တာတွေ နေ့တိုင်းပြုလုပ်နေပါတယ်။
2023-09-10
ရုရှားနဲ့ မြန်မာနိုင်ငံကြား ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွေကို လက်မှတ်ထိုးသွားဖို့ရှိပါတယ်။
2023-09-10
ဖာပွန်မြို့နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်း ၁၁ ကျောင်း ပိတ်ထားရပါတယ်။
2023-09-10
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဒေါက်တာဖြိုးသီဟရဲ့ ပီတိအိမ်စာပေကို ထုတ်ဝေခွင့်လိုင်စင် ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
2023-09-10
ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာ ရခဲ့ပါတယ်။
2023-09-09
ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်က ကန်ကြီးနယ်မြေရဲစခန်းကို စက်တင်ဘာလ ၉ ရက်နေ့က ဘာမြူဒါစုပေါင်းအဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2023-09-09
ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လစာငွေ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီ သတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေမှာ ဘဏ်စာရင်းဖွင့်ပြီးမှ မိသားစုဆီ ငွေလွှဲပြောင်းပေးပို့ရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဒီလဆန်းမှာ သတ်မှတ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
2023-09-09
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖျန်မြို့နယ် လေးတော်ခိုကျေးရွာမှာ မြန်မာစစ်သား ရှစ်ဆယ်လောက် ရောက်နေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2023-09-09
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စက်တင်ဘာလ ၉ ရက်နေ့ မနက်က ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေပါတဲ့ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၂ ရွာက ဒေသခံ ခြောက်ထောင်ကျော် နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။