သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-04
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတပ်တွေနဲ့ အင်အားသုံးတိုက်ခိုက်နေပါတယ်။
2023-02-04
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တကောင်းမင်းရွာက အရပ်သားတစ်ဦးဟာ ဖေဖော်ဝါရီလ ၃ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ RPG ထိမှန်သေဆုံးခဲ့သလို နေအိမ်တစ်ရာကျော်ကိုလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-04
စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အသက်ခြောက်နှစ်အရွယ် မလင်းရူပါမျိုး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-03
အင်ဒိုနီးရှားနိုင်ငံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးတွေ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကိုရော၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုရော ဖိတ်ကြားတာမရှိပါဘူး။
2023-02-03
မြန်မာနိုင်ငံရဲ့ ပိုဆိုးလာနေတဲ့ အကျပ်အတည်းတွေကို အဆုံးသတ်ဖို့အတွက် အကြမ်းဖက်မှုတွေလျှော့ချပြီး တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။ ဒါအ့ပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အနှောက်အယှက် အဟန့်အတားမရှိ ပေးခွင့်ပြုဖို့ကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။
2023-02-03
အရေးပေါ်ကာလ ခြောက်လ သက်တမ်းထပ်တိုးပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ အာဏာကို ဆက်လက်ရယူလိုက်ပါတယ်။ ဒီသက်တမ်း ၆လအလွန်မှာ စစ်ကောင်စီအစီအစဉ်အတိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်မလား၊ တိုင်းပြည်အာဏာ ဆက်ယူနိုင်ဖို့ စစ်ကောင်စီ ဘယ်လိုနည်းလမ်းတွေ သုံးလာနိုင်မလဲဆိုတာတွေ ဆွေးနွေးထားပါတယ်။
2023-02-03
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မဟာမိတ်တွေက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2023-02-03
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံရွာမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Myanmar Effort အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသူနဲ့ မန်နေဂျာကို တော်လှန်ရေး အဖွဲ့တစ်ခုက စက်ရုံထဲဝင်ရောက် ဖမ်းဆီးပြန်ပေးဆွဲခဲ့ပြီးနောက် ကျပ်သိန်း နှစ်ထောင်နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စက်ရုံဝန်ထမ်းတွေက ပြောပါတယ်။
2023-02-03
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်း အသတ်ခံရမှုနဲ့ ပတ်သက်လို့ သူ အလုပ်လုပ်ကိုင်ခဲ့တဲ့ Luminous ကုန်ပစ္စည်းဆိုင်က မန်နေဂျာ ဦးမျိုးမြင့်ဇော်ကို အေအေ အဖွဲ့ရဲ့ ULA/AA ဒေသအဆင့် တရားရုံးက ဖေဖော်ဝါရီလ ၃ ရက် ဒီကနေ့မှာပဲ သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ အေအေ အဖွဲ့ ပြောခွင့်ရ ဦးခိုင်သုခက RFA ကို ပြောပါတယ်။
2023-02-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက် မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာရဲလွင်ကို ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၄၀၉ နဲ့ စစ်ကောင်စီရဲ့ အိုးဘိုအကျဉ်းထောင်တရားရုံးက ဖေဖော်ဝါရီလ ၃ ရက် ဒီနေ့မှာ ထောင်နှစ်နှစ် ချလိုက်ပါတယ်။
2023-02-03
အရေးပေါ်ကာလ ခြောက်လထပ်တိုးထားတဲ့ စစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာကြောင့် ပြည်သူလူထု အသက်ပေါင်းများစွာ ပိုဆုံးရှုံးလာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
2023-02-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ရွာမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လယ်က မြေမြှုပ်မိုင်းနင်းမိလို့ ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-02-03
ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုလမ်းပိုင်းက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ဒီနေ့ပြောပါတယ်။
2023-02-03
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် အနည်းဆုံးဒေသခံခြောက်ဦးဟာ နေ့တိုင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရနေပါတယ်။
2023-02-03
ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးစခန်းတစ်ခုဖြစ်တဲ့ တောမော (IDC) ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၇၉ ဦးကို ဖေဖော်ဝါရီ ၂ ရက်၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံကို ပို့ဆောင်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။