သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-10
နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒီဇင်ဘာ ၁၀ ရက် ဒီနေ့အထိ လူသုံးထောင်ခန့် ထွက်ပြေးနေရပါတယ်။
2024-12-10
နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးမှာ ဒီဇင်ဘာလ ၉ ရက်နေ့က စစ်တပ်နဲ့ TNLA၊ ဓနု-PDF တပ်ဖွဲ့ တွေ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် နှစ်ဆယ်ခန့် ဖမ်းဆီးရမိခဲ့ပါတယ်။
2024-12-10
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့က MNDAA ရဲ့ လက်နက်သယ်ယာဉ်တစ်စီး ပေါက်ကွဲပြီး လူငါးဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
2024-12-10
စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ CDM မှာ ပါဝင်လာသူ ၁၅၀၀၀ ကျော် ရှိလာပြီလို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြည်သူနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောခြင်း အစီအစဥ်မှာ ထည့်သွင်းပြောဆိုပါတယ်။
2024-12-10
ဗန်းမော်မြို့ကို လက်မလွှတ်ရဖို့အတွက် စစ်တပ်က လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး မြို့တွင်းတိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-12-10
နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ ရှိတဲ့အထဲက လုံခြုံရေးစိတ်ချရတဲ့ မြို့နယ် ၁၆၁ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်နိုင်မယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကပြောကြောင်း နိုင်ငံရေးပါတီတွေက RFA ကို ဒီနေ့ပြောပါတယ်။
2024-12-10
မလေးရှားနိုင်ငံမှာ တစ်ပတ်အတွင်း တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၇၀ ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ မလေးရှားရောက် မြန်မာတွေက RFA ကို ဒီနေ့ပြောပါတယ်။
2024-12-10
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တစ်နေရာမှာ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်က တရုတ်နိုင်ငံအလံကိုမီးရှို့ပြီး တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုလုပ်တယ်လို့ ကလေးမြို့မှာ နေထိုင်သူတွေက RFA ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောပါတယ်။
2024-12-10
စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူတွေ၊ စိတ်ဓာတ်ကျဆင်းနေသူတွေနဲ့ စိတ်ရောဂါတစ်ခုခုခံစားနေရသူတွေကို စိုက်ခင်းထဲမှာ ကုစားခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ခြံတစ်ခြံမှာ ပြုလုပ်နေပါတယ်။
2024-12-09
မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေးတပ် (CDF)၊ ချင်းညီနောင် မဟာမိတ်တပ်တွေအကြား တိုက်ပွဲတွေဟာ တစ်လကျော်ကြာတဲ့အထိ ဆက်လက်ပြင်းထန်နေပါတယ်။
2024-12-09
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် KOICA က ဒေါ်လာ လေးသန်း ထောက်ပံ့ကူညီသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်ပါတယ်။
2024-12-09
မုန်တိုင်းအပြီး ကျန်ခဲ့တဲ့ အပျက်အစီးတွေအပြင် ရေမသန့်တာ၊ မိလ္လာအတွက် သန့်ရှင်းမှုမရှိတာ စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိနေတယ်လို့လည်း ထောက်ပြပါတယ်။
2024-12-09
မြန်မာ၊ အဇာဘိုင်ဂျန်၊ ဘိုလီဗီးယား၊ ကိုလံဘီယာ၊ ဂါနာ၊ ကူဝိတ်၊ အက်စဝါတီနီနဲ့ ကာဂျစ် နိုင်ငံတွေက လူ့အခွင့်အရေးဆောင်ရွက်သူတွေကို ချီးမြှင့်မှာဖြစ်ပါတယ်။
2024-12-09
မြန်မာပြည်သူတွေရဲ့အသံတွေကို နိုင်ငံတကာက ခံစားသက်ဝင်ပြီး သိရှိလာရင် တွန်းအားတစ်ခုဖြစ်လာမယ်လို့ မိုးစက်က ဆိုပါတယ်။
2024-12-09
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးတာအပြင် ဒရုန်းတွေ လက်နက်ကြီးတွေနဲ့လည်း တိုက်ခိုက်နေကြောင်း KNU က ပြောထားပါတယ်။