သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-13
စစ်တပ်အာဏာသိမ်းပြီးနောက် သံချပ်တွေဟာ မြို့ပေါ်မဏ္ဍပ်ကြီးတွေမှာ မမြင်ရတော့ဘဲ တော်လှန်ရေးလွတ်မြောက်နယ်မြေတွေကို ရောက်ကုန်ပါတယ်။
2024-04-13
အရာတော်မြို့နယ်ကို အင်အားခြောက်ဆယ်ခန့်ပါတဲ့စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရွာလေးရွာက ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2024-04-13
ဒေသခံအများစုဟာ တောထဲက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာကြောင့် တိုက်ပွဲ ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
2024-04-13
ချောင်းဦးမြို့ပေါ်က ပွဲရပ် ရပ်ကွက်ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်မီးရှို့ခဲ့ပြီး ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် နေအိမ်ငါးလုံးပဲ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-13
ဧပြီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖို့ ကြိုးပမ်းနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ ဆက်စပ်သူတစ်ဦး စုစုပေါင်း သုံးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
2024-04-13
PNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်လေးခုမှာ သုံးလဝန်းကျင်အတွင်း အရပ်သားခြောက်ဆယ်နီးပါး သေဆုံးခဲ့ပါတယ်။
2024-04-12
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားအများစု လာရောက်စုဝေးဖြစ်ကြတဲ့ Joy House မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲဆင်နွှဲကြရင်း မြန်မာ့ရိုးရာမုန့်မျိုးစုံတွေကို စျေးရောင်းပွဲတော်အဖြစ် ကျင်းပခဲ့ပါတယ်။
2024-04-12
မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေကြောင့် အိန္ဒိယအစိုးရက စစ်တွေမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေကို ရန်ကုန်ကိုပြောင်းရွှေ့လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သောကြာနေ့က ပြောကြားပါတယ်။
2024-04-12
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးလှဆွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ပြောပါတယ်။
2024-04-12
ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကုန်ကားဝင်းမှာ ခိုလှုံနေတဲ့ မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) တပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်တွေ မနေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-04-12
ဖားဆောင်းမြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအဆင့် အပါအဝင် ၅၆ ဦးကို ဖမ်းမိထားတယ်လို့ KA တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
2024-04-12
ရန်ကုန်တိုင်းအတွင်းမှာ ရေကစားမဏ္ဍပ်ပေါင်း ၂၀ဝ ကျော်၊ လမ်းလျှောက်သင်္ကြန် နှစ်ခုနဲ့ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ပြုလုပ်သွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီနှစ်သင်္ကြန်ကို တကယ်ပဲ ပြည်သူတွေ ပါဝင်ဆင်နွှဲကြမလား၊ သင်္ကြန်နဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့သဘောထားနဲ့ ခံစားမှုတွေ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။
2024-04-12
ထိုင်းနဲ့ ကရင်ပြည်နယ် နယ်စပ်နှစ်ဖက်စလုံးမှာနေထိုင်တဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့၊ နယ်စပ်တည်ငြိမ်ဖို့နဲ့ လူသားချင်း စာနာထောက်ထားတဲ့အကူအညီတွေ ရရှိဖို့ကို အလေးထားလုပ်ဆောင်သွားမယ်လို့လည်း KNU က ဆိုပါတယ်။
2024-04-12
နိုင်ငံရေးအရ မယှဉ်ပြိုင်နိုင်တာကြောင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ကွယ်ဝှက်ထားတာလို့ လေ့လာသူတွေက ဆိုပါတယ်။
2024-04-12
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ KNU/ PDF တွေကြား တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေပေမယ့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကတော့ ပုံမှန်လည်ပတ်နေဆဲပဲလို့ ဒေသခံတွေနဲ့ ကိုယ်တိုင်အလုပ်လုပ်ခဲ့သူတွေက ပြောပါတယ်။