စစ်တွေက အိန္ဒိယကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေကို ရန်ကုန် ပြောင်းရွှေ့

RFA Burmese
2024.04.12
စစ်တွေက အိန္ဒိယကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေကို ရန်ကုန် ပြောင်းရွှေ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ရှိသည့် အိန္ဒိယကောင်စစ်ဝန်ရုံး(စစ်တွေ)အား ၂၀၁၇ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်။
India in Myanmar - Consulate General of India, Sittwe

မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေကြောင့် အိန္ဒိယအစိုးရက စစ်တွေမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေကို ရန်ကုန်ကိုပြောင်းရွှေ့လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Randhir Jaiswal က သောကြာနေ့က ပြောကြားပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေ အထူးသဖြင့် ရခိုင်ပြည်နယ်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ မန္တလေးက အိန္ဒိယကောင်စစ်ဝန်ရုံးက ဆက်လက်လည်ပတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေဟာ မရေရာသေးဘဲ ဆိုးရွားနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံကိုသွားရောက်တဲ့ အိန္ဒိယနိုင်ငံသားတွေအနေနဲ့ သင့်လျော်တဲ့ ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသင့်ကြောင်း သူက သတိပေးလိုက်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ သူ့နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အာမခံဖို့ လိုအပ်တဲ့ခြေလှမ်းတွေ လုပ်ဆောင်နေပါတယ်လို့ ပြောခွင့်ရသူ Randhir Jaiswal က ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။