သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-14
စစ်တွေမြို့ အပါအဝင် သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မြို့နယ် ခုနစ်မြို့နယ်ကို အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်နေတယ်လို့ AA က စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-09-14
ရွှေဘိုမြို့အနီးက ထနောင်းဝန်းရွာကို စစ်တပ်က စက်တင်ဘာ ၁၂ ရက်မှာ ဝင်ရောက်စီးနင်းစဉ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့ပါတယ်။
2024-09-14
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းဘုရားစေတီနဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးတာနဲ့ ရေဝင်ရောက်တာတွေ ဖြစ်ခဲ့ပါတယ်။
2024-09-13
ဒီပွဲကနေ ကိုယ့်နိုင်ငံရဲ့အခြေအနေကို သတင်းစကားပါးနိုင်မယ်ထင်တယ်လို့ ပြပွဲအကြံပေးဖြစ်တဲ့ A New Burma တည်ထောင်သူ မနှင်းက ပြောပါတယ်။
2024-09-13
စစ်ကောင်စီလေတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ အရပ်ဘက်ပစ်မှတ်တွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လာခဲ့ပါတယ်။
2024-09-13
စစ်ကောင်စီရဲ့ စစ်ကူ၊ ထောက်ပို့လုပ်တဲ့ လမ်းပိုင်းတွေကို KNLA မဟာမိတ် ပူးပေါင်းတပ်တွေက ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အခုရက်ပိုင်းမှာတော့ စစ်စခန်းသိမ်းဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
2024-09-13
သေဆုံးခဲ့တဲ့ ဆေးတပ်သား ၁၈ ဦးရဲ့ အလောင်းတွေကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ဆယ်ယူခဲ့ပြီး သက်ဆိုင်ရာမိသားစုတွေ၊ တပ်ဖွဲ့တွေဆီ ပေးပို့ခဲ့တယ်လို့ KNDF က ဆိုပါတယ်။
2024-09-13
ကလောမြို့ ချောင်းဘေးတစ်လျှောက် ရေကြီးရေလျှံပြီး နေအိမ်တွေနဲ့ ဆေးရုံတွေ ရေနစ်မြုပ်ပြီး သေဆုံးသူ တစ်ရာခန့် ရှိလာပြီလို့ ကလောမြို့ ဒေသခံနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
2024-09-13
ရမည်းသင်းမြို့နယ်က ရွာခြောက်ရွာမှာ မြေပြိုပြီး ပိတ်မိနေသူတွေကို လေးရက်ကြာတဲ့အထိ မကယ်ထုတ်နိုင်သေးဘူးလို့ ပိတ်မိနေတဲ့ ဒေသခံတွေက ပြောပါတယ်။
2024-09-13
ဆားလင်းကြီးမြို့နယ် တရုတ် ကြေးနီစီမံကိန်းအနီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရပြီး အရပ်သား နှစ်ဆယ်ခန့်လည်း ဖမ်းဆီးခံထားရပါတယ်။
2024-09-13
ကော့ဘဇားခရိုင်မှာ စက်တင်ဘာ ၁၃ ရက်က မြေပြိုတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်သုံးဦးအပါအဝင် ခြောက်ဦး သေဆုံးသွားတယ်လို့ Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။
2024-09-13
မုံရွာမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီ တရားရုံးတွေက အရပ်သား ၁၇ ဦးကို ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ချလိုက်ပါတယ်။
2024-09-13
တောင်ငူမြို့ နယ်ထဲက ရွာတန်းရှည်၊ ပိတောက်ကုန်း၊ သဖန်းပင်၊ ကြို့ကုန်း စတဲ့ရွာတွေအပါအဝင် ရွာပေါင်း သုံးဆယ်ကျော်က အိမ်တွေရေနစ်မြုပ်ပြီး ရေဘေးဒုက္ခကြုံနေရပါတယ်။
2024-09-13
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် နေရာလေးခုက စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးတာရှိသလို အရှင်ဖမ်းမိတာတွေလည်းရှိပါတယ်။
2024-09-13
ချင်းပြည်နယ်ထဲမှာ လေပွေလှိုင်းအရှိန်ကြောင့် မိုးသည်းထန်နေပြီး လေပြင်းတိုက်ခက်တာနဲ့ မြေပြိုမှုတွေ ဖြစ်လာနိုင်ပါတယ်။