သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-10
ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms.Yan Hee Lee က ဒီနေ့ စစ်တွေမြို့ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2015-01-10
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီနေ့ စတင်ကျင်းပနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့် ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။
2015-01-10
ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားနဲ့ ရိုးရာမနော ပွဲတော်ကို ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည် နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မကျင်း ပနိုင်ခဲ့ပေမယ့် ၂ဝ၁၅ ခုနှစ်မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ ရိုးရာမနော ပွဲတော်ဖွင့်ပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မနောကွင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပ ခဲ့ပါတယ်။
2015-01-10
ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ကိုမြအေးဦးဆောင်တဲ့အဖွဲ့ဟာ KIO နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးက တာဝန်ရှိသူတွေ၊ မြစ်ကြီးနား အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင်၊ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-01-10
ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့ စစ်တွေမြို့ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ ညနေက ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanhee Lee ကို စစ်တွေမြို့ခံ တထောင်နီးပါး ဆန္ဒပြခဲ့ကြပါတယ်။
2015-01-10
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ တည်ထောင်ခြင်း ၈၄ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲက ဦးချစ် လဘက်ရည်ဆိုင်မှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-01-10
ကယားပြည်နယ်အတွင်းမှာ မြန်မာ့ တပ်မတော်ကနေပြီး လက်နက်ကြီး စမ်းသပ်ပစ်ခတ်နေ မှုနဲ့ပတ်သက်လို့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ထိုးထားတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ကို ကန့်ကွက်စာပေးပို့ သွားမယ်လို့ ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ KNPP ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ် ခဲ့ကြောင်း သိရပါတယ်။
2015-01-09
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ အဆင့်ဆင့်ရွေးကောက်တင်မြှောက် ပွဲမှာ မြောက်ဥက္ကလာပနဲ့ တာမွေမြို့ နယ်တွေက စည်ပင်သာယာရေးကော်မတီ ဥက္ကဌနေရာ အတွက် အရွေးချယ်ခံခဲ့ရသူ နှစ်ဦးကို ပြိုင်ဘက်ကိုယ်စား လှယ်တွေက ကန့်ကွက်ကြောင်း စည်ပင်ရွေးကောက်ပွဲကော် မရှင်ထံ တင်ပြထားတယ်လို့ သိရပါတယ်။
2015-01-09
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက် ပိုင်းက KIA နဲ့အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေထိန်းချုပ်ရာနယ်မြေက စစ်ပြေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအတော့်ကိုနည်းနေ ပြီး၊ ဒေသခံလူမှုရေးအဖွဲ့တွေအနေနဲ့ ဖေဖေါ်ဝါရီလအထိပဲ ကူညီနိုင်မယ့်အခြေအနေမှာ ဖြစ်နေတယ်လို့ သိရပါတယ်။
2015-01-09
သမ္မတအိမ်တော်မှာ ဒုတိယအကြိမ် နိုင်ငံရေးတွေ ဆုံဆွေးနွေးပွဲကို လာမယ့် ဇန်နဝါရီလ ၁၂ ရက် တနင်္လာနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်၊
2015-01-09
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်က လက် ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီလ ၁၄ ရက်နေ့ နေပြည်တော်မှာ ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင် အထည်ဖော်မှုကော်မတီ၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ MATA လို့ခေါ်တဲ့ မြန်မာနိုင်ငံ တွင်းထွက်သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့က ဗဟိုအလုပ် အမှုဆောင်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
2015-01-09
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနဲ့ တွေ့ဆုံခွင့် ရဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့မှာ စောင့် ဆိုင်းနေတဲ့ မုံရွာမြို့နယ် အိုးဘိုထောင်ရပ်ကွက်က ဒေသခံ ၂၀ ဦးကို မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူးက တရားမဝင် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ မနေ့က အမှုဖွင့်လိုက် ပါတယ်။
2015-01-09
အပတ်စဉ်ထုတ် The Trade Times ဂျာနယ်မှာ "ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဌနေရာ အတွက်သာ ကြိုးစားမယ်" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဖော်ပြချက်ဟာ မှန်ကန်မှု မရှိကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-01-09
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် အတွင်းမှာ သိမ်းဆည်းခံထားရတဲ့ မြေဧက ၁၃၀၀ ကျော်အတွက် ရွှေသံလွင်ကုမ္ပဏီ က လျော်ကြေးငွေထုတ်ပေးမှာကို တောင်သူ ၂ဝဝ ကျော်က လက်မခံကြဘူးလို့ သိရပါတယ်။
2015-01-09
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ Ms. Yanghee Lee ဟာ မြေပုံမြို့ကို ဒီနေ့ သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။