သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-08
၁၉၆၂ ဇူလိုင် ၇ ရက်နေ့ ကျောင်းသားတွေရဲ့ ဆန္ဒပြမှု ကို ဦးနေဝင်းစစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့ ပြီးနောက် ၈ ရက်နေ့ မနက်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။
2015-07-08
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီးတရားစွဲ ခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၁၁ ဦးကို သာယာဝတီခရိုင် တရားရုံးမှာ မနေ့က အာမခံပေးလိုက်ပါတယ်။
2015-07-08
၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ် အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မုံရွာ၊ မိတ္ထီလာ၊ ပုသိမ် စတဲ့ မြို့တွေမှာ ကျောင်းသား၊ ကျောင်း သူတွေက ကျင်းပခဲ့ပါတယ်။
2015-07-08
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းမှာပါရှိတဲ့ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေကြား အာဏာခွဲဝေမှု၊ အခွန်ခွဲဝေမှုဆိုင်ရာတွေ အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေးကိစ္စတွေကို ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးခဲ့ကြပါတယ်။
2015-07-08
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားထုအခွင့်အရေး တောင်းဆိုကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဗိုလ်ချုပ်နေဝင်းအစိုးရက အင်အား သုံးဖြိုခွင်းခဲ့ရာ ဆဲဗင်းဂျူလိုင်လို့ ခေါ်တဲ့ ကျောင်းသားအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါတယ်။
2015-07-08
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ ရေပူကျောင်းတိုက်ဆရာတော် အဖမ်းခံရတာကို ကန့်ကွက်တဲ့ အနေနဲ့ မိုးကုတ်မြို့ခံ တစ်ထောင်ကျော်က ဆန္ဒပြကြ ပါတယ်။
2015-07-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟိုမဲစာရင်းစိစစ်ရေးအဖွဲ့ဝင်တွေဟာ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ နေပြည်တော် မှာ တွေ့ဆုံခဲ့ပါတယ်။
2015-07-08
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာက ဒေသခံရွှေလုပ်သား တွေနဲ့ မြန်မာစည်သူ ကုမ္ပဏီတို့ကြား ပဋိပက္ခဖြစ်ပွားရာမှာ လုံခြုံရေးရယူ ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေနဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ်မှုတွေရှိပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
2015-07-08
၅၃ နှစ်မြောက် 7 July အောက်မေ့ဘွယ်အခမ်းအနားတွေကို မန္တလေးမြို့နဲ့ မြစ်ကြီးနားမြို့တွေမှာ ဇူလိုင်လ ၇ ၇က်နေ့က ကျင်းပခဲ့ပါတယ်။
2015-07-08
7 July အမှတ်တရ အခမ်းအနားကို မြေလတ်ဒေသ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေက မကွေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2015-07-08
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးမှာ ကျောင်းသားတွေကို စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူသုံးဦးရဲ့ ပြောပြချက်တွေနဲ့၊ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖျက်ဆီးခံရတဲ့အကြောင်းတွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါတယ်။
2015-07-08
ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို စစ်တပ်က ပစ်ခတ်နှိမ်နှင်းပြီး သမဂ္ဂအဆောက်အဦကို မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ၅၃ နှစ်မြောက် 7 July နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသူကျောင်းသားတွေက ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းနဲ့ညနေပိုင်းမှာ နှစ်ကြိမ်ကျင်းပခဲ့ပါတယ်
2015-07-08
မိုးကုတ်မြို့က ရေပူဆရာတော် ဦးဣန္ဒကကို ပြန်လွှတ်ပေးဖို့ ဒေသခံ ၅ ရာကျော်လောက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-07-08
ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ချီတက်ခဲ့ကြတဲ့ ကျောင်းသားနဲ့ ပြည်သူတွေကို ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ကိစ္စအတွက် အရိုက်ခံရတဲ့ကျောင်းသား ၁၈ ယောက် က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ဒီနေ့တိုင်ကြားမယ်လို့ သိရပါတယ်။
2015-07-07
နေပြည်တော်မှာ ၁၃ ရက်ကြာကျင်းပခဲ့ တဲ့ ကျောက်မျက်ရတနာအရောင်းပြပွဲမှာ ဒီနှစ်အတွက် အမေရိကန် ဒေါ်လာ သန်း ၁ ထောင်ဖိုး ရောင်းချခဲ့ရပေမဲ့၊ ဒီပမာဏဟာ မနှစ်က ရောင်း အားထက် ၃ ဆခွဲလောက် ထိုးကျသွားတာဖြစ်တယ်လို့သိရ ပါတယ်။