သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-08
၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တဲ့ မန္တလေး အိုးဘို အကျဉ်းထောင်က အကျဉ်းသား လူငယ် ၅ ဦးကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
2017-08-08
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ်က မြေတိုင်ကန်ကျေးရွာမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးကျေးလက်စကားဝိုင်းမှာ ဒေသခံတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ လျှပ်စစ်မီးကိစ္စစတာတွေကို ဆွေးနွေးခဲ့ပြီး မေးမြန်းခဲ့တဲ့မေးခွန်းတွေကိုလည်း ပြန် လည်ဖြေကြားခဲ့ပါတယ်။
2017-08-08
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆန္ဒပြခဲ့ကြတဲ့ ပညာရေး တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေ၊ ကျောင်းသား ကိုယ်စားလှယ် တွေဟာ ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ရန်ကုန် ပညာရေးတက္ကသိုလ် အစည်းအဝေးခန်းမမှာ သြဂုတ်လ ၇ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2017-08-08
ဒီကနေ့ကျရောက်တဲ့ နှစ် ၇ဝ ပြည့် မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်နိုင်ငံရေး သမားတွေ၊ မွန်အရပ်ဘက် အဖွဲ့တွေနဲ့ မွန်တိုင်းရင်းသားတွေက စုပေါင်းပြီး မွန်ပြည်နယ်၊ မုဒုံမြိုနယ် ကျောက်တလုံး ကျေးရွာမှာ ကျင်းပခဲ့ပါတယ်။
2017-08-08
ရန်ကုန်မြို့က စွန့်ပစ်ခံရတဲ့ မွေးကင်းစကလေးငယ်တွေကို မွေးစားစောင့်ရှောက်ပေးနေသူ တယောက်အကြောင်း ကိုထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
2017-08-07
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်နယ်အဆင့်လုံခြုံရေး ဆိုင်ရာ ကော်မတီအစည်းအဝေးတစ်ရပ်ကို ဒီနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။
2017-08-07
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု ဒီနေ့ရုံးချိန်းမှာ တရားလိုဦးကျော်မျိုးရွှေကို ချမ်းမြသာစည်အမှတ်(၁၀) ရဲစခန်း က နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးလိုက်ပါတယ်။
2017-08-07
ပညာရေးတက္ကသိုလ်ဆင်း ကျောင်းသူကျောင်းသားတွေကို ဆရာဆရာမအဖြစ် ခန့်ထားမှုနောက် ကျတဲ့အတွက် မနေ့က ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ရန်ကုန်မြို့က ပညာရေးတက္ကသိုလ် အစည်းအဝေးခန်းမမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး ပြေလည်မှု ရရှိသွားပါတယ်။
2017-08-07
ရခိုင်ပြည်နယ်အတွင်းမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေကို ဒေသခံတွေက လက်မခံကြောင်းနဲ့ တိုင်းရင်းသားတွေရဲ့လုံခြုံရေး အရ ပြည်သူ့စစ်တွေဖွဲ့စည်းရေး စတဲ့အချက်တွေကို အစိုးရထံ တောင်းဆိုဖို့ မနေ့က ပြုလုပ်ခဲ့တဲ့ စစ်တွေမြို့ခံတွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြ ပါတယ်။
2017-08-07
ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် ၁ ဦး ထပ်မံသေဆုံးသွားသလို ကူးစက်ခံရသူ ၈ ဦး ထပ်တိုးလာတယ် လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောပါတယ်။
2017-08-07
၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တဲ့ မန္တလေး အိုးဘို အကျဉ်းထောင်က အကျဉ်းသား လူငယ် ၅ ဦးကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပါတယ်။
2017-08-07
လာမယ့် ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးရရှိအောင် ပညာရှင်တွေနဲ့ စီမံကိန်းချပြီး အကောင် အထည်ဖော်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2017-08-07
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မှာရှိတဲ့ လားရှိုးနဲ့ သီပေါ မြို့နယ်တွေက အကျဉ်ထောင်တွေ၊ အချုပ်စခန်းတွေကို သြဂုတ်လ ၇ ရက်နေ့ကနေ ၁၁ ရက် နေ့အထိ ၅ ရက်ကြာ သွားရောက်လေ့လာမှာဖြစ်သလို နမ္မတူမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းကိုလည်း သွားရောက် မှာဖြစ်ပါတယ်။
2017-08-07
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးစိုးရိမ်ရတာကြောင့် ရခိုင်တိုင်းရင်းသား ကျေးရွာ ၄ ရွာ က ကျေးရွာသားတွေဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တချို့ အခြေစိုက်တဲ့ စေတီပင်ကျေးရွာမှာ ပြောင်းရွှေ့နေကြပါတယ်။
2017-08-07
ရာသီဥတုပြောင်းလဲလို့ ဖြစ်လာတဲ့ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာကို ကမ္ဘာ့ ချမ်းသာ တဲ့နိုင်ငံတွေဟာ တာရိုးတွေ၊ တမံတွေ၊ နံရံတွေနဲ့ ကာကွယ်နိုင်ပေမယ့် ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာ ဒါမျိုးလုပ်ဖို့ စိတ်ကူးတောင်ရှိမှာ မဟုတ်ဘူးလို့ အမေရိကန် ဒုတိယ သမ္မတဟောင်း Al Gore က ပြောတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူ ၆ သန်းလောက် မြစ်ရိုးချောင်းရိုးတွေမှာ နေထိုင်နေတဲ့ အတွက် ပတ်ဝန်းကျင်ပျက်စီးတဲ့ ဒဏ်ခံရတာကို အလေးအနက်မထားလို့ မရတဲ့အကြောင်း ဒေါ် စမ်းစမ်းတင်က တင်ပြထားပါတယ်။