ရခိုင်ပြည်နယ် လုံခြုံရေးဆိုင်ရာကော်မတီ အစည်းအဝေး ကျင်းပ


2017.08.07
maungtaw-police-622.jpg ရခိုင်ပြည်နယ် မောင်တောဒေသက ရဲကင်းစခန်းတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်နယ်အဆင့်လုံခြုံရေး ဆိုင်ရာ ကော်မတီအစည်းအဝေးတစ်ရပ်ကို ဒီနေ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ မေယုတောင်ကြောတွေမှာလုံခြုံရေးတွေ တင်းကျပ်ထားနိုင်ရေး၊ အကြမ်းဖက် အန္တရာယ်ကြောင့်လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေတဲ့ကျေး ရွာတွေကို အကူအညီပေးနိုင်ရေး၊ ဒေသခံတွေဘက်က မကြောက်မရွံ့ဘဲနေထိုင်နိုင်အောင် လတ်တလောလိုအပ်နေတဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို အဓိက ထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကော်မတီမှာ ဒီဆွေးနွေးချက်တွေကို နိုင်ငံတော်သမ္မတထံဆက်လက်တင်ပြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကနေ ဒီနေ့အထိ အရပ်သား ၃၀ ထက်မနည်းသတ်ဖြတ်ခံ ခဲ့ရပြီး မကြာမီရက်ပိုင်းအတွင်းကလည်း မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာက မြိုတိုင်းရင်းသားတွေသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ်အတွင်းက ဒေသခံအတော်များများလည်း အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို စိုးရိမ်တာကြောင့် နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။