သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ဗဟန်းမြို့နယ်မှာ သွားရောက်မဲပေးပြီးနောက် ကော့မှူးမြို့နယ်ကို ဆက်လက်ထွက်ခွာကာ မဲရုံ ၃ ရုံကို ဝင်ရောက်ကြည့်ရှုခဲ့ပါတယ်။
2015-11-10
၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးဟာ မနက်ဖြန် နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံတဝှမ်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ RFA သတင်းထောက်တွေဟာ ရန်ကုန်မြို့မှာရှိတဲ့ ဈေး၊ ရပ်ကွက်နဲ့ သဘောၤဆိပ်စတဲ့ နေရာတွေက မဲဆန္ဒရှင်ပြည်သူတွေကို ရွေးကောက်ပွဲအပေါ်မှာ စိတ်ပါဝင်စားမူ အခြေအနေကို လိုက်လံမေးမြန်းတဲ့အခါမှာ တော်တော်များများက မဲသွားပေးမယ်ဆိုတာ စိတ်အားထက်ထက်သန်သန် ပြောကြပါတယ်။
2015-11-10
မြိတ်ခရိုင် ကျွန်းစုမြို့နယ်ထဲက ပင်လယ်ကျေးရွာအများစုမှာ မဲပေးခွင့်ဆုံးရှုံးနေကြတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန်းစုမြို့နယ်ထဲမှာ ကိုယ်တိုင်သတင်းသွားယူနေတဲ့ RFA သတင်းထောက် ကိုကျော်လွင်ဦးကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-10
နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ရရှိတဲ့ ကာလအတွင်းမှာ ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီက ကိုယ်စားလှယ်လောင်းတွေကို လက်နက်နဲ့ခြိမ်းခြောက်တာတွေ၊ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေကို ဖျက်စီးတာတွေ၊ ရွာသားတွေကို ခြိမ်းခြောက်ဟန့်တားမှုတွေ ရှိတယ်လို့ ပ.အ.မ.ဖပါတီ အထွေထွေအတွင်းရေးမှူးက ဒီနေ့ တောင်ကြီးမြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2015-11-10
မနက်ဖြန် ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲရုံတစ်ရုံချင်းစီမှာ အဆင့် ၄ ဆင့်နဲ့ လုံခြုံရေးဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုတိယရဲချုပ်သိန်းဦးကပြောပါတယ်။
2015-11-10
ကြိုတင်မဲပေးရာမှာ ဥပဒေမဲ့ကိစ္စတချို့ရှိပေမယ့် မနြက်ဖန် ရွေးကောက်ပွဲနေ့မှာတော့ မရိုးမသားလုပ်နိုင်ဖို့ အခွင့်အရေးနည်းပါတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ရှေ့နေကြီး ဦးကိုနီကပြောပါတယ်။
2015-11-10
ရွေးကောက်ပွဲ ကျင်းပဖို့ (၁) ရက်သာ ကျန်တော့တာဖြစ်ပြီး နိုင်ငံတဝှမ်းမှာ ကြိုတင်မဲပြဿနာ ၊ သက်သေခံလက်မှတ်တွေဖောင်းပွနေတဲ့ ပြဿနာအပြင် မဲစာရင်းတွေမှားနေတဲ့ အခြေအနေတွေ ရှိနေပေမယ့်လည်း မနက်ဖြန်ဆန္ဒမဲပေးကြဖို့ ပြည်သူလူထုကြား နိုးကြားနေကြပါတယ်။
2015-11-09
၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မကွေးတိုင်း အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ မဲဆန္ဒနယ် ၈၈ နေရာမှာ ထောက်ခံမဲ အသာရခဲ့တယ်လို့ သိရပါတယ်။ အပြည့်အစုံကို မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက ပေးပို့ထားပါတယ်။
2015-11-09
ပဲခူးတိုင်း ဖြူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်ဟာ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ သူရဦးရွှေမန်းက ဦးသန်းညွန့်ကို ဂုဏ်ပြုကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2015-11-09
မနေ့ညပိုင်းက ကြိုတင်မဲတွေရေတွက်ရာမှာ မဲရလဒ်တွေ အပြောင်းအလဲဖြစ်ခဲ့တာကြောင့် ကြိုတင်မဲတွေဟာ မရိုးသားဘူးလို့ယူဆတဲ့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ SNLD ရှမ်းတိုင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ်ပါတီက ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်ကြောင်း ဒီကနေ့ လားရှိုးမြို့ NLD ပါတီရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
2015-11-09
ဧရာဝတီတိုင်း တစ်တိုင်းလုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရှုံးနိမ့်ခဲ့ပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာမှာလည်း အများစုရှုံးနိုင်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက ပြောပါတယ်။
2015-11-09
ကနဦး မဲစာရင်းရေတွက်မှုတွေအရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် အများအပြားမှာ အနိုင်ရနေတယ်လို့ သိရပါတယ်။
2015-11-09
ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲသတင်း ထုတ်ပြန်ရေးဌာနကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်လိုက်ပြီး ကော်မရှင်ဥက္ကဌ ဦးတင်အေးက ရွေးကောက်ပွဲ ရလာဒ်တွေကို စတင်ကြေညာခဲ့သလို၊ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေကိုလည်း ပြောခဲ့ပါတယ်။
2015-11-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရွှေဂုံတိုင်လမ်း NLD ပါတီဌာနချုပ်ရှေ့မှာ ရောက်ရှိနေတဲ့လူထုကို ဒီကနေ့ နိုဝင်ဘာလ ၉ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2015-11-09
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အတွက် မြန်မာပြည်သူတွေကို အမေရိ ကန်ပြည်ထောင်စုက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်လို့ အမေရိ ကန်သမ္မတရဲ့ အိမ်ဖြူတော်ရုံးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Josh Earnest က ပြောကြားလိုက်ပါတယ်။