သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-06
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၁) မှာရှိတဲ့ ဒဂုံဆိပ်ကမ်း အထည်ချုပ်စက်ရုံက အလုပ်သမား ၂ ရာနီးပါးဟာ လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုချက် ၉ ချက် ရရှိဖို့အတွက် နိုဝင်ဘာလကုန်လောက် ကတည်းက ထိုင်သပိတ်ဆင်နွှဲပြီး ဆန္ဒပြ တောင်းဆို နေကြပါတယ်။
2017-12-06
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ဆန်တစ်အိတ်ကို ငွေကျပ် ၄ သောင်းကနေ ၆ သောင်းအထိ ဈေးပေးတာတောင် ဝယ်ယူလို့မရတဲ့ အခြေအနေဖြစ်ပေါ်နေပြီး လက်ရှိအချိန်မှာ ဆန်ပြတ်လတ်နေတယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း က ပြောပါတယ်။
2017-12-06
ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တို့အကြား ထိစပ်နေတဲ့ ဒေသတွေကတဆင့် အရင်နှစ်တွေက တရားမဝင်သစ်မျိုးစုံကို တရုတ်နိုင်ငံဘက် မှောင်ခိုသယ်ယူတာတွေရှိပေမယ့် ဒီနှစ်ပွင့်လင်းရာသီမှာ အခုအချိန်အထိ မှောင်ခိုသမားတွေလှုပ်ရှားတာ မတွေ့ရသေးဘူးလို့ မန်စီမြို့နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းအေးမင်း က ပြောပါတယ်။
2017-12-05
အစိုးရရဲ့ UEHRD စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် Central Coordination Team (CCT)နဲ့ Regional Coordination Team(RCT) ဖွဲ့စည်းရာမှာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2017-12-05
မွန်နိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်ရေးအတွက် အကြိမ်ကြိမ်ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် မအောင်မြင် ခဲ့တာကြောင့် လာမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် မွန်အမျိုးသားညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ကြ မယ်လို့ မွန်ညီညွှတ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်စိုးအောင် က ဒီနေ့ ပြောပါတယ်။
2017-12-05
ရခိုင်ပြည်နယ်အတွင်း အစိုးရရဲ့ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပေးကြဖို့ UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက် တာအောင်ထွန်းသက်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2017-12-05
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ ဆန်နဲ့ စက်သုံးဆီတွေ လွတ်လွတ်လပ်လပ် သယ်ယူလို့ မရတာကြောင့် ဆန်တစ်အိတ်ကို ငွေကျပ် ၄ သောင်းကနေ ၆ သောင်းအထိ ဈေးမြင့်တက်နေပြီး ဝယ်ယူလို့မရတဲ့အထိ ဆန်ပြတ်လပ်နေတယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ဒီနေ့ ပြောပါတယ်။
2017-12-05
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီး လာမယ့် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တာကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
2017-12-05
ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ကျောင်းတွေအပါအဝင် မြို့ရွာရပ်ကွက်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို ထိရောက်စွာနှိမ်နှင်းဖို့ အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို အင်ဂျန်းယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2017-12-05
မန္တလေးတိုင်းဒေသကြီးအတွင်း ဥပဒေနဲ့မညီဘဲ ရယူထားတဲ့ အများပြည်သူပိုင်မြေတွေ ကို ပြန်လည်သိမ်းဆည်းပြီး မူလသတ်မှတ်ထားတဲ့ အများနဲ့သက်ဆိုင်တဲ့နေရာတွေ ပြန် လည်ဖော်ထုတ်သွားဖို့ စီစဉ်နေတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ဒီနေ့ ပြောပါတယ်။
2017-12-04
ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း... စတဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု၊ နယ်မြေမတည်ငြိမ်မှု... စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့ကို ပြောင်းရွှေ့လာပြီး သီလရှင်ဘဝနဲ့ ရပ်တည်နေကြတဲ့ ဒေသခံ တိုင်းရင်းသား အမျိုးသမီးငယ် အတော်များများ ရှိနေပါတယ်။
2017-12-04
မြန်မာနိုင်ငံမှာ "မိုးလေဝသ" ပညာရပ်နဲ့ ပတ်သက်လာရင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ပြေးပြီး သတိရမိကြမယ် ထင်ပါတယ်။
2017-12-04
တနင်္သာရီတိုင်းဒေသကြီးမှာ စတင်တဲ့ လူထုငြိမ်းချမ်းရေး လှုပ်ရှားမှုကို ဒီနေ့ မြိတ်မြို့ကမ်းနားလမ်းက သဲကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2017-12-04
အနည်းဆုံးလုပ်ခလစာ ကိစ္စနဲ့ပတ်သက်လို့ ပဲ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဦးကျော်မြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2017-12-04
တနေ့ကို အနည်းဆုံးလုပ်ခလစာ ၅၆၀၀ သတ်မှတ်ပေးဖို့ ရန်ကုန်၊ မန္တလေးနဲ့ ထီးချိုင့်တို့မှာ အလုပ်သမား အများအပြား ဆန္ဒပြခဲ့ကြပါတယ်။