သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-02
NLD အစိုးရလက်ထက်မှာ အရင်အစိုးရလက်ထက်က မပြီးပြတ်ဘဲ ကျန်ရှိနေတဲ့ တိုင်းပြည်ရဲ့စိန်ခေါ်မှုတွေကို အန်အယ်လ်ဒီအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် က ရှင်းပြထားပါတယ်။
2015-12-02
ထိုင်းနဲ့ မလေးရှားနယ်စပ် ပါဒန်းဘီဆာ မြို့မှာ တရားမဝင် ဝင်ရောက်လာခဲ့ တဲ့ မြန်မာနိုင်ငံသား ၂၉ ယောက်ကို မလေးရှား လူမှောင်ခိုတိုက်ဖျက်ရေးတပ်ဖွဲ့က ဒီဇင်ဘာလ တစ်ရက်နေ့ညက ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှားနိုင်ငံထုတ် The Sun Daily သတင်းစာက ဖေါ်ပြပါတယ်။
2015-12-02
ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးသိန်းစိန်နဲ့ လည်း ဒီဇင်ဘာလ ၂ ရက် မနက်ပိုင်းက ၄၅ မိနစ် ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2015-12-02
ရှမ်းပြည်တောင်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်တွေ တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး ထောင်နဲ့ချီတဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေပါတယ်။
2015-12-02
အခုဆက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်နဲ့ တွေ့ဆုံမေးမြန်းချက် ဒုတိယပိုင်းကို ထုတ်လွှင့်ပေးမှာပါ။ အရင်အစိုးရ လက်ထက်က မပြီးပြတ်ဘဲ ကျန်နေတဲ့ နိုင်ငံအတွက် စိန်ခေါ်မှုတွေကို NLD ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ ဘယ်လိုဖြေရှင်းသွားမလဲ ဆိုတာကို ဦးဝင်းထိန်က ရှင်းပြထားပါတယ်။
2015-12-02
သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူတွေထဲက ၈ ဦးဟာ မနေ့ညပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသ ခံနေရပါတယ်။
2015-12-02
ပြည်မြို့က ရှေ့နေဦးမြင့်အေးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်-ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ဒီနေ့ကစပြီး လိုင်စင်ရုပ်သိမ်းလိုက်ပါတယ်။ တစ်ကိုယ်တော်ဆန္ဒပြမှုတွေကြောင့် ပုဒ်မ (၁၈) တွေနဲ့ မကြာခဏ တရားစွဲထောင်ချခံရတဲ့အတွက် ရှေ့နေလိုင်စင် ရုပ်သိမ်းတဲ့အကြောင်း သူ့ဆီကို ဒီနေ့နေ့လည်မှာ အကြောင်း ကြားစာရောက်လာတယ်လို့ ဦးမြင့်အေးက RFA ကိုပြော ပါတယ်။
2015-12-02
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အမျိုးသမီး ၇၀ လောက်က ဖဲကြိုးဖြူတွေ ဝတ်ဆင်ပြီး လမ်းလျှောက်ဆုတောင်းခဲ့ကြပါတယ်။
2015-12-02
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင် ငံသား လှေစီးရွှေ့ပြောင်းသွားလာသူ ၄၈ ဦးကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံ ဒီနေ့ လွှဲပြောင်းပေးလိုက်ပါတယ်။
2015-12-02
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးခဲ့တယ်လို့ ရခိုင်ပြည်နယ် ယာယီဝန်ကြီးချုပ် ဦးမြအောင်က ဒီနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး မှာ ပြောပါတယ်။
2015-12-02
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီနေ့နေ့လည် ၂ နာရီက နေပြည်တော်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာ သီးသန့်တံခါး ပိတ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-12-02
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ရေးထိုးထားတဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို အတည်ပြုပေးဖို့ အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်း က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
2015-12-02
ရှမ်းပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ ကလေးငယ်တွေကို စိတ်ဓါတ်ရေးရာအရ အားပေး နိုင်ဖို့အတွက် " ယုံကြည်သော အနာဂတ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ ကရဝိတ်ဥယျဉ်မှာ ကလေးတွေ အတွက် ရန်ပုံငွေပွဲကို လာမယ့် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
2015-12-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရ ၅ နှစ်တာကာလအတွင်း ပုဒ်မ ၄၃၆နဲ့ ၅၉ (စ) တွေကို ပြင်နိုင် ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် သမ္မတ အဖြစ်တာဝန်ထမ်းဆောင်နိုင်လာမယ်လို့ ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က RFA ကို ဒီကနေ့ ပြော လိုက်ပါတယ်။
2015-12-02
အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ဖို့ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆွေးနွေးတင်ပြခဲ့ပါတယ်။