သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-27
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာနေထိုင်တဲ့ မမြနန္ဒခင်လို့ အမည်ရတဲ့ အမျိုးသမီးငယ်တစ်ဦးကို အစိုးရက ဦးစွာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီးမှ သူ့ရဲ့မိဘနှစ်ပါးကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့တဲ့ကိစ္စကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
2017-11-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီကာလအတွင်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2017-11-27
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးကို နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပပြီး သဘောတူဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
2017-11-27
ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး Francis ကို သောင်းနဲ့ချီတဲ့ ကက်သလစ်ဘာသာဝင်တွေက သတ်မှတ်ထားတဲ့နေရာ ၆ ခုမှာ ကြိုဆိုခဲ့ကြပါတယ်။
2017-11-27
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့တွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြီး လူထုငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်ကို တနင်္သာရီတိုင်းဒေသကြီးက မြို့ ၉ မြို့မှာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
2017-11-27
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၁၅၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေကြရပြီး စားနပ်ရိက္ခာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကူညီပေးနေသူတွေက ဒီနေ့ ပြောပါတယ်။
2017-11-27
ဝန်ကြီးဌာနအသစ်နှစ်ခု တိုးချဲ့ဖွဲ့စည်းဖို့ သမ္မတက ပေးပို့ထားတဲ့ သဝဏ်လွှာကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီးနောက် အသစ်ခန့်အပ်ထားတဲ့ ဝန်ကြီးတွေဟာ နိုဝင်ဘာလ ၂၄ ရက်နေ့က လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။
2017-11-27
အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီနဲ့ အထက်မြန်မာပြည် အလုပ်သမားကိုယ်စားလှယ်တွေဟာ အနည်းဆုံး လုပ်ခလစာ အဆိုပြုနှုန်းထားတစ်ခုရရှိဖို့ မန္တလေးမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2017-11-27
၀န်ကြီးဌာန အသစ် ၂ ခုတိုးချဲ့ဖွဲ့စည်းဖို့အတွက် သမ္မတက ပေးပို့တဲ့သဝဏ်လွှာကို ပြီးခဲ့ တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီး အသစ်ခန့်အပ် ထားတဲ့ ဝန်ကြီးတွေဟာ နိုဝင်ဘာ ၂၄ ရက်နေ့က လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။ အစိုးရသက်တမ်း ၁ နှစ်ခွဲ ကျော်ကာလမှာ အဲဒီလို ဝန်ကြီးဌာနတွေ ထပ်ပြီး တိုးချဲ့လိုက်တဲ့အပေါ် နိုင် ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်တာတွေ ရှိနေပါတယ်။
2017-11-27
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေသူတွေကို ပြန်လည်စိစစ်လက်ခံရာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်ကြောင့် ထွက်ပြေးသူတွေကို ဦးစွာလက်ခံသွားမယ်လို့ နိုဝင်ဘာလ ၂၃ ရက်နေ့က နှစ်နိုင်ငံကြား သဘောတူရေးထိုးခဲ့တဲ့စာချုပ်မှာ ထည့်သွင်းထားပါတယ်။
2017-11-27
ရခိုင်ပြည်နယ်ပြဿနာအခြေပြုလို့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို အပြစ်ပုံချချိန်မှာ တရုတ်နိုင်ငံက မြန်မာဘက်က ရပ်တည်တဲ့အကြောင်းနဲ့ တကမ္ဘာလုံးကို ဖြန့်ကျက်ဖို့ တရုတ်ခေါင်းဆောင် ရှီကျင့်ပင်ရဲ့ ပိုးလမ်းမကြီး စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်နေတဲ့အကြောင်းတွေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2017-11-26
ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်လိုသူတွေအတွက် မြန်မာ့မီးရထားက ရန်ကုန်မြို့တွင်းမှာ ပုံမှန်ပြေးဆွဲနေကျ မြို့ပတ်ရထားတွေအပြင် အထူးရထား သုံးစင်းနဲ့ ပွဲကျင်းပရာ ကျိုက္ကဆံကွင်း အနီးဝန်းကျင်ထိ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
2017-11-26
အနည်းဆုံးလုပ်ခလစာတစ်ရက် ကျပ် ၅၆၀၀ သတ်မှတ်ပေးဖို့ အထက်မြန်မာပြည် အလုပ်သမားကိုယ်စားလှယ်တွေက ဒီနေ့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2017-11-26
ကချင်ပြည်နယ်မှာ စီးပွားရေးအဆင်မပြေတာကြောင့် ဘဝရပ်တည်ရေးအတွက် တရားဝင်ရော၊ တရားမဝင်လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေကြတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က ဒီနေ့ ပြောပါတယ်။
2017-11-26
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲမှာ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ခရီးစဉ် သတင်းနဲ့ ပြန်ကြားရေးကော်မတီ က သတင်းမီဒီယာသမားတွေကို ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။