သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-25
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ် ဦးထွန်းမြင့် နဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်တို့ကို မမှန်မကန်စွပ်စွဲရေးသားထားတဲ့ လက်ကမ်းစာစောင်ဖြန့်ေ၀ မှုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ဗဟန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြား ထားပါတယ်။
2015-11-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက် စိမ်းတွင်း မြေစာပုံ ပြိုကျခဲ့တဲ့အထဲ မှာ ပျောက်ဆုံးနေသူ တစ်ရာနီးပါးလောက်ရှိနေပေမယ့် ရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။
2015-11-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာ အထွက်မှာ ဒီကနေ့မနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းရဲ့ ခရီးစဉ်အတွက် လုံခြုံရေးဆောင် ရွက်ပေးနေတဲ့ တပ်မတော်သားတစ်ဦးထံက လက်ပစ်ဗုံးပေါက်ကွဲတာကြောင့် တပ်သား တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။
2015-11-25
ရှမ်းပြည်နယ် တောင်းပိုင်း လွိုင်လင်ခရိုင်က ဝမ့်ဝစစ်ဘေးဒုက္ခသည်စခန်းမှာ စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော် ခိုလှုံနေကြပါတယ်။
2015-11-25
နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေးကော်မတီ UPDJC မှာပါဝင်မယ့် ကိုယ်စားလှယ် တွေရဲ့ အမည်စာရင်းကို အပြီးသတ်ထုတ်ပြန်နိုင်ဖို့အတွက် ရန်ကုန်မြို့ က မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
2015-11-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လုံးခင်းကျောက်စိမ်းတူးဖော်တဲ့နေရာမှာ ဒီကနေ့အထိ မြေစာပုံပြိုကျ လို့ သေဆုံးသူ ၁၁၄ ဦးရှိပြီလို့ သိရပါတယ်။
2015-11-25
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီမိုကရေစီနည်းကျ လူထုက မဲပေးခဲ့တာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲရလဒ် ကို ကျေကျေနပ်နပ် လက်ခံကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးကို အဓိကထားပြီးလုပ်ဆောင်မယ် လို့ မျှော်လင့်ကြောင်း RFA ကို ပြောကြားလိုက်ပါတယ်။
2015-11-25
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့ နင်းထားတဲ့ပုံကို ဖေ့ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှထားလို့ဆိုပြီး ဆက်သွယ်ရေးပုဒ်မနဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးပက်ထရစ် ခွန်ဂျာလီဟာ ကျန်းမာရေးဆိုးဝါးနေတာနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ မမေစပယ်ဖြူကို မသင်းသီရိက ဆက်သွယ်မေးမြန်း ထားပါတယ်။
2015-11-24
ကရင်နီပြည်နယ် ညီလာခံ ပမာဏအဆင့်ကို ကယားပြည်နယ် ဖရူဆိုမြို့နယ်ခန်းမမှာ ကျင်းပနေပါတယ်။ လက်ရှိခေါ်နေကြတဲ့ ကယားပြည်နယ်ကို ကရင်နီပြည်အဖြစ် ပြန်လည် သတ်မှတ်ပေးဖို့အတွက် ညီလာခံမှာ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
2015-11-24
ရှမ်းပြည်နယ်အလယ်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ SSPP/SSA အကြား တိုက်ပွဲတွေရပ်ဆိုင်းပေးဖို့နဲ့၊ တစ်နိုင်ငံလုံးမှာ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် မန္တလေး မဟာအောင်မြေမြို့နယ်က လူထုဟစ်တိုင်ကွင်းမှာ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-11-24
ရခိုင်ပြည်နယ် ငပလီမြို့တဝိုက်က ကျေးရွာတွေဟာ ပင်လယ်ပြင်ထဲမှာ ရေလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။ ကျေးရွာအများစုဟာ ငါးနီတူ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။
2015-11-24
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်က ဝမ့်ဝ ဒုက္ခသည်စခန်းမှာ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် ခိုလှုံနေကြပါတယ်။
2015-11-24
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေးကော်မတီ UPDJC မှာ ပါဝင်မယ့် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကို အပြီးသတ်ထုတ်ပြန်နိုင်ဖို့အတွက် ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။
2015-11-24
လက်ငင်းသုံးနိုင်တဲ့ သယံဇာတ၊ နေ့စဉ်မသုံးပေမဲ့ တန်ဖိုးထားတဲ့ သယံဇာတ၊ ပြန်လည်အစားထိုးလို့ မရတဲ့ သဘာဝသယံဇာတစတွေကို ဘယ်လိုထုတ်ယူသင့်ပြီး မလေလွင့်ရအောင် ဘယ်လိုမူဝါဒတွေ ချမှတ်သင့်သလဲဆိုတာ စီးပွားရေးသုတေသီ ဦးစိန်ဌေးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-24
ရိုဟင်ဂျာ မွတ်စလင်တွေဟာ အသိ အမှတ်ပြုခံရပြီးတဲ့ တိုင်းရင်းသားတွေဖြစ် တယ်လို့ ရေးသားဖေါ်ပြထား ပြီး၊ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာ ပါဝင်တဲ့ ပြက္ခဒိန်ထုတ်ဝေဖို့ ရိုက်နှိပ်မှုနဲ့ လူ ၅ ဦးကို တရားရုံးက ငွေဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။