သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-24
နိုင်ငံတဝှမ်းက မြို့နယ်ပေါင်း ၃၃၀ ထဲမှာ မြို့နယ် ၂၇၁ မြို့နယ်က လုံခြုံစွာမဲပေးဖို့ တပ်မတော်ဘက်က အာမခံပြီး လုံခြုံရေးစီမံချက်တွေလုပ်ပြီး မဲပေးနိုင်တဲ့ မြို့နယ်၂၀နဲ့ လုံခြုံရေးအားနည်းတယ်လို့ သုံးသပ်တင်ပြခဲ့တဲ့ မြို့နယ်ပေါင်း ၃၉ မြို့နယ်ရှိတယ်လို့ အကြံပြုတင်ပြခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
2020-10-24
တစ်ပတ်မှာ " ကိုယ်စားလှယ်တွေက စစ်သုံ့ပန်းလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-10-23
RFA ကနေ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-10-23
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မြို့နယ်တွေထဲမှာ အများစုက လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လေ့ရှိတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေနဲ့ ကျေးရွာအုပ်စုတွေက အများဆုံးပါ၀င်နေတာကို တွေ့ရပါတယ်။
2020-10-23
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၅၂ နှစ်အရွယ် ဦးမောင်ကျော်သန်းဟာ တပ်မတော်စစ်ကြောရေးစခန်းက ရလာတဲ့ အတွင်းဒဏ်ရာတွေနဲ့ ရဲစခန်းအချုပ်မှာရောက်နေပြီး၊ ဆရာဝန်နဲ့ပြသခွင့်မရလို့ စိုးရိမ်နေတယ်လို့ မိသားစုက ပြောပါတယ်။
2020-10-23
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွေကို လက်ရှိမှာ အစိုးရဆေးရုံတွေ ဆေးခန်းတွေမှာပဲ ပြုလုပ်နေရာကနေ ပုဂ္ဂလိက ဆေးရုံတွေကို ပြုလုပ်ခွင့် ပြုတော့မယ်လို့ သိရပါတယ်။ အဲဒီကိစ္စအတွက် အစိုးရကျန်းမာရေးဌာနနဲ့ ပုဂ္ဂလိက ဆေးရုံတာဝန်ရှိသူတွေ မနေ့က တွေ့ဆုံခဲ့ပါတယ်။
2020-10-23
ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းနဲ့ပြည်နယ် ၆ ခုထဲက တချို့နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ နယ်မြေစာရင်း ကြေညာလိုက်တာဟာ လုံခြုံရေးကြောင့်လို့ သမ္မတရုံးက မနေ့က ပြောလိုက်ပါတယ်။
2020-10-23
မသန်စွမ်းတွေရဲ့အခွင့်အရေးကို လွှတ်တော်ထဲကနေ တောင်းဆိုနိုင်ဖို့ ရွေးကောက်ပွဲဝင်တာလို့ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချောစုလှိုင် က ပြောပါတယ်။
2020-10-23
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်ဟာ အဓိကအခန်းကဏ္ဍက ပါဝင်ပတ်သက်နေပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားဖို့ စတင်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်ကစပြီး ကျင်းပလာတာ လာမယ့် နိုဝင်ဘာ ၈ ရက် နေ့ဆိုရင် ၃ ကြိမ်ဖြစ်တော့မှာပါ။
2020-10-23
ရခိုင်ပြည်နယ်မှာ မြို့နယ် ငါးမြို့နယ်သာ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပသင့်တဲ့နယ်မြေအဖြစ် သတ်မှတ်သင့်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က အကြံပြုခဲ့တာလို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2020-10-23
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရတော့ကြောင်း ကော်မရှင်က ကြေညာပြီးဖြစ်တဲ့ နေရာတွေထဲက ဘေးအန္တရာယ်ကင်းပြီး တည်ငြိမ်အေးချမ်းမှုရှိတဲ့ ဒေသတွေမှာ ကျင်းပခွင့် ပြန်ထည့်ပေးဖို့ နိုင်ငံရေးပါတီတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။
2020-10-23
ရွေးကောက်ပွဲမှာ ပြည်သူတွေ လွတ်လပ်စွာမဲပေးခွင့်ကို ထိခိုက်မှုနဲ့ အနှောက်အယှက် ဖြစ်နိုင်စေမယ့် အကြောင်းအရာတွေကို လူထုစစ်တမ်းကောက်ယူရာမှာ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ အဖြေက ရာခိုင်နှုန်း အများဆုံး ရရှိထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောပါတယ်။
2020-10-23
ရက္ခိုင့်တပ်တော် AA အဖွဲ့အနေနဲ့ တောင်ကုတ် NLD ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးခြင်းအားဖြင့်၊ ပြည်သူတွေရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်ကို မဖျက်ဆီးဖို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက သတိပေးလိုက်ပါတယ်။ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး ရယူဖို့ကိုလည်း ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ဦးဇော်ဌေးက တိုက်တွန်းသွားပါတယ်။
2020-10-23
ထောင်ပြေးမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဖျက်သိမ်းခံ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁) နဲ့ စွဲချက်တင်တာကို ချမ်းအေးသာစံမြို့နယ်တရားရုံးက ဒီကနေ့ လက်ခံလိုက်ပါတယ်။
2020-10-23
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့အထဲမှာ စစ်တွေတပ်နယ်အနီးက ကျေးရွာအုပ်စုတွေမှာလည်း ပါဝင်တယ်။