၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများနှင့် မေးမြန်းချက်
2020.11.08
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြတဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေကို နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ RFA က လက်လှမ်းမီသရွေ့ တွေ့ဆုံမေးမြန်းထားတာတွေကို စုစည်းတင်ပြထားပါတယ်။
---------------------
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစည်သူမောင် ကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
---------------------
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ် တည်ရှိရာ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၂) မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အမတ်လောင်း ဦးမောင်မောင်ဆွေက ဒီနှစ်ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲထက် မြို့နယ်အတွင်း ဆန္ဒမဲပေးသူ တိုးလာတယ်လို့ ပြောပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက ဦးမောင်မောင်ဆွေကို တွေ့ဆုံမေးမြန်းထားပါတယ်။
---------------------
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ NLD က ဦးရည်မွန်( ခေါ် ) မောင်တင်သစ်က USDP ပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေလွင် ကို ၂၀၁၅ ရွေးကောက်ပွဲထက် မဲအပြတ်အသတ်နဲ့ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားပါတယ်။
---------------------
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ထွေးကို RFA သတင်းထောက် မသက်စုအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
---------------------
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ပါတီ PP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းကို RFA သတင်းထောက် မသက်စုအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
---------------------
ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်းတွေအတွက် မဲပေးခွင့် မရဖြစ်နေပါတယ်။
ကရင်ပြည်သူ့ပါတီကနေ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ မန်းသန်းဝင်းဦးကို RFA သတင်းထောက် မဇာဏီထွဏ်း တွေ့ဆုံမေးမြန်းထားပါတယ်။
---------------------
ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်းတွေအတွက် မဲပေးခွင့် မရဖြစ်နေပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီကနေ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ နော်သိင်္ဂီထွန်း ကို RFA သတင်းထောက် မဇာဏီထွဏ်း တွေ့ဆုံမေးမြန်းထားပါတယ်။
---------------------
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်က မဲပေးတဲ့ အခြေအနေတွေကို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးလင်းထင်စိုးက ပြောပြထားပါတယ်။
---------------------
မိုင်းတုံမြို့နယ်အတွင်းက UWSA “ဝ” တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ထိန်းချုပ်နယ်မြေထဲက မဲရုံ ၁၄ ရုံမှာ အသက်မပြည့်သေးသူတွေ ဒီနေ့ မဲလာပေးနေကြလို့ အမတ်လောင်းတွေက မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ထားတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်လွှတ်တော် မိုင်းတုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေကနေ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း စိုင်းဝင်းမြတ်ဦးကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
---------------------
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏမောင်လွင်ကို RFA သတင်းထောက် မသက်စုအောင် တွေ့ဆုံမေးမြန်းထားပါတယ်။
---------------------
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေမျိုးထက်က ကပ်ဘေးကာလထဲမှာ မဲလာပေးကြတဲ့ ပြည်သူတွေဟာ နိုင်ငံ ရေးရေချိန်မြင့်တဲ့ ပြည်သူတွေဖြစ်တယ်လို့ သုံးသပ်မိတယ်လို့ ပြောပါတယ်။
RFA သတင်းထောက် ကိုနေမျိုးထွန်း တွေ့ဆုံမေးမြန်းထားပါတယ်။
---------------------
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစံကျော်က ကပ်ဘေးကာလထဲမှာ ကျန်းမာရေးကို မငဲ့ကွက် ဘဲ မဲလာပေးကြတဲ့ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
RFA သတင်းထောက် ကိုနေမျိုးထွန်း တွေ့ဆုံမေးမြန်းထားပါတယ်။
---------------------
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဌေးက မြို့နယ်အတွင်း မဲပေးသူ အရေအတွက်ဟာ ၂၀၁၅ ရွေးကောက်ပွဲကထက် ထက်ဝက်လျော့ကျခဲ့ပြီး မဲဆန္ဒရှင် တစ်ယောက်တည်းက နှစ်နေရာမှာ မဲပေးတာမျိုးလည်း တွေ့ရတယ်လို့ ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ အမတ်လောင်း ဦးကျော်ကျော်ဌေးကို RFA သတင်းထောက် မခေမဏီဝင်း မေးမြန်းထားပါတယ်။
---------------------
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်စွာဦးကို RFA သတင်းထောက် ကိုကျော်လွင်ဦးက မေးမြန်းထားပါတယ်။
---------------------
နေပြည်တော် လယ်ဝေးမြို့နယ်မှာ နေထိုင်သူတချို့ဟာ မဲပေးချင်ပေမယ့်လည်း မဲစာရင်းထဲမှာ နာမည်မပါလို့ မဲပေးခဲ့ရဘူးလို့ ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးထွန်းက ပြောပါတယ်။
RFA သတင်းထောက် မသက်စုအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။