၂၁ ပင်လုံညီလာခံ ပူးတွဲကျင်းပရေးကော်မတီကို ဖွဲ့စည်း
2016.08.22
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် ပူးတွဲကျင်းပရေးကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ၁၆ ဦး ၊ နိုင်ငံရေးပါတီတွေက ၁၆ ဦး စုစုပေါင်း ၄၈ ဦး နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
ရန်ကုန်မြို့ NRPC ရုံးမှာ ဒီနေ့ နောက်ဆုံးနေ့အဖြစ် ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ၊ အပစ်ရပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ DPN ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအစည်းအဝေးကနေ အဲ့ဒီကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
၂၁ ရာစုပင်လုံညီလာခံ ပူးတွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး စိုင်းကျော်ညွန့် ကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။