ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးခရီးစဉ်အကြောင်း
2018.07.20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကောမှူးမြို့နယ်အတွင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ဟိုတယ်အတတ်သင် ပညာရေးကျောင်းတွေကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကောမှူးမြို့နယ်ကို မရောက်တာ ၂ နှစ် ကြာမြင့်နေပြီ ဖြစ်တာကြောင့် လာရောက်တာဖြစ်တယ်လို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက ပြောပါတယ်။
ဦးကျော်ဆွေဝင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။