စစ်တွေမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးပေးနေ


2016.09.18

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အသက် ၉လကနေ ၁၅နှစ်အထိ ကလေးဦးရေ ၁ သိန်း နီးပါးကို စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး ၁၀ရက်ကြာ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးတွေ ထိုးပေးသွားမယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင် က ပြောပါတယ်။

ကာကွယ်ဆေးထိုးပေးနေတဲ့ အခြေအနေအကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။