Mytel ပရိုမိုးရှင်းကံစမ်းမဲအစီအစဉ် တားမြစ်ခံရ
Than Zin Oo
2018.07.03
2018.07.03
Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ ပရိုမိုးရှင်း ကံစမ်းမဲအစီအစဉ်တစ်ခု ဖြစ်တဲ့ “shake Shake” ဆိုတဲ့အစီအစဉ်ဟာ ယှဉ်ပြိုင်မှုဥပဒေအရ တခြား ဆက်သွယ်ရေးကုမ္ပဏီတွေ အတွက် မျှတမှုမရှိဘူးဆိုပြီး မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက တားမြစ်လိုက်ပါတယ်။ အခုလို တားမြစ်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ ကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။