အကြမ်းဖက်မှု လက်မခံဟု အရှင် ဝီရသူမိန့်ကြား


2016.08.06

ဒေါ်အောင်ဆန်းစုကြည်အပေါ် IS အစွန်းရောက်မွတ်စလင်အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်မယ့် သတင်းနဲ့ ပတ်သက်ပြီး မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဝီရသူက မည်သည့် မြန်မာနိုင်ငံသားအပေါ်ခြိမ်းခြောက်မှုကိုမျှ သူ့အနေနဲ့ လက်မခံနိုင်ကြောင်း၊ မဘသ အဖွဲ့ရဲ့လုပ်ဆောင်မှုတွေကြောင့် အကြမ်းဖက်မှုတွေ လျှော့နည်းခဲ့ကြောင်းနဲ့ တဆက်တည်းမှာပဲ လက်ရှိအစိုးရဟာ မဘသကို ပစ်မှတ်ထားပြီး ခြေမှုန်းတိုက်ခိုက်နေကြောင်း မိန့်ကြားလိုက်ပါတယ်။ အရှင် ဝီရသူကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။