ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနဲ့ လွိုင်ကော်ဆန္ဒပြပွဲ
2018.07.03
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်မယ့် အစီအစဉ်ကို ဒေသခံ ၇ ရာနီးပါးလောက် ဒီနေ့ လမ်းလျှောက်ချီတက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တားဆီးတဲ့အတွက် နှစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲ ဦးဆောင်ကော်မတီဝင် ခွန်းမျိုးလှိုင်ဝင်းကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။