ဗဟိုဘဏ် ဒု-ဥက္ကဌ ဦးဘိုဘိုငယ် ဖမ်းဆီးခံရပြီး ‌ပျောက်ဆုံးနေ

နန္ဒာချမ်း
2021.02.08


မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးဘိုဘိုငယ်ကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးသွားချိန်ကစလို့ သီတင်းတစ်ပတ်ကျော်လာတဲ့အထိ အဆက်အသွယ် မရတဲ့အပေါ် မိသားစုက စိုးရိမ်နေကြပါတယ်။

ဒေါက်တာ ဦးဘိုဘိုငယ်ရဲ့ ကျန်းမာရေးအတွက် ဇနီးဖြစ်သူ ဒေါ်နှင်းဝေလွင် က စိုးရိမ်နေပြီး ခင်ပွန်းသည်နဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးဘိုဘိုငယ်ရဲ့ဇနီး ဒေါ်နှင်းဝေလွင်ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။