ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်ကိစ္စအကြောင်း မေးမြန်းချက်
2018.07.07
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်ကိစ္စကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းပေးဖို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ဒီနေ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်ပါတယ်။
RFA က ဆက်သွယ်မေးမြန်းတဲ့အချိန်ထိ ဆွေးနွေးပွဲက မပြီးသေးတဲ့အတွက် ဆွေးနွေးပွဲမှာ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာတော့ မသိရသေးပါဘူး။
အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ပြည်နယ်အခြေစိုက် LAIN နည်းပညာအထောက်အကူပြုအဖဲ့ွ ဒါရိုက်တာ ကိုကျော်ထင်အောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။