ချင်းပြည်နယ် ထန်တလန်မြို့ နယ်မှာ မိုးကြီးပြီး မြေပြို
2016.08.24
ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးပြီး မြေပြိုကျမှုတွေ ရှိနေတာကြောင့် နေအိမ်တချို့ပြိုကျပျက်စီးမှုတွေ ရှိနေပါတယ်။ နေထိုင်ဖို့မသင့်တဲ့ ဟားခါးမြို့ ဈေးဟောင်းရပ်ကွက်က နေအိမ်တချို့ကိုလည်း ပြောင်းရွှေ့ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေပါတယ်။
ထန်တလန်မြို့နယ် ဖုန်ကကျေးရွာက နေအိမ်တချို့ပြိုကျပျက်စီးပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့အခြေအနေကို ချင်းပြည်နယ်၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုခိုင်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။