အသွားအလာကန့်သတ်မှု ဖြေလျှော့အပြီး အီတလီအခြေအနေ
စောဖိုးခွား
2020.05.10
2020.05.10
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့နှုန်း အတော်လေး လျော့ကျသွားတာကြောင့် ၅၈ ရက်ကြာ Lockdown ချ အသွားအလာ ကန့်သတ်ခဲ့ပြီးနောက် မေလ ၄ ရက်နေ့ကစပြီး နိုင်ငံကို ပြန်ဖွင့်ပေးလိုက်ပါပြီ။ အီတလီရဲ့ Lockdown ဟာ ကမ္ဘာ့အရှည်ကြာဆုံးလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိ အီတလီနိုင်ငံ Lombardy ပြည်နယ်မှာ နေထိုင်တဲ့ အီတလီ-မြန်မာ ချစ်ကြည်ရေး အသင်းဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းပြီး RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထားပါတယ်