မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှု လိုအပ်ချက်တွေရှိနေဆဲ
2020.04.17
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက နိုင်သလောက် အလုပ်လုပ်နေကြပေမယ့်၊ သံသယလူနာတွေထဲက ဘယ်သူ့ကို ဓာတ်ခွဲစစ်ဆေးမလဲဆိုတာ ဆုံးဖြတ်တဲ့အပိုင်းမှာ လိုအပ်ချက်တွေရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား အရာရှိတစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ညွန့်စိန်က ပြောလိုက်ပါတယ်။
ပိုပြီး ထိရောက်မှုရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ မြန်မာအစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ဘယ်လိုအပြောင်းအလဲတွေ ဆက်လုပ်ဖို့လိုမလဲ ဆိုတဲ့အကြောင်း ဒေါက်တာကျော်ညွန့်စိန်ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။