ဝန်ကြီး ၁၄ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ဦးသန့်စင်မောင်နဲ့ မေးမြန်းချက်
2016.03.25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်လက်ထက်မှာ တာဝန် ထမ်းဆောင်မယ့် ပြည်ထောင်စုဝန်ကြီး ၁၄ ဦးကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်ဝင်းထဲက တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရုံးမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးတွေရဲ့ နေအိမ်တွေမှာ ထားရှိမယ့် ပရိဘောဂတွေကို ဝန်ကြီးတွေရဲ့ လစာထဲကနေ အကုန်အကျခံရမှာဖြစ်ပြီး တာဝန်ပြီးဆုံးချိန်မှာလည်း အဲဒီပစ္စည်းတွေကို ချန်ထားခဲ့ဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။
ဦးသန့်စင်မောင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။