ဒေါ်ခင်ဝင်းသေဆုံးမှု ရဲက တရား လိုလုပ် အမှုဖွင့်
2015.04.22
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်လောက်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာမှာ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ သေနတ်ထိမှန် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်း အမှုကို ဆားလင်းကြီးမြို့မ ရဲစခန်းက ဒုရဲမှူးသန်းနိုင်က တရားလိုလုပ်ပြီး လူသတ်မှုအဖြစ် အမှုဖွင့်လိုက်ပါတယ်။
ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီးအမှုဖွင့်တာကြောင့် ရှေ့နေများကွန်ယက်အနေနဲ့ ကူညီ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိသွားတယ်လို့ ဒေါ်ခင်ဝင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေများကွန်ယက် က ရှေ့နေ ဦးအောင်သိန်း (မိတ္ထီလာ) က ပြောပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။