ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ ထိန်းသိမ်းခံထားရတဲ့ နောက်ဆုံးအခြေအနေ
2021.02.17
စစ်ကောင်စီက ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်နဲ့ခရိုင်က ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ၉၀နီးပါးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင်ဖမ်းဆီးပြီး ရန်ကုန်မြို့က ဘုရင့်နောင်တပ်မတော်စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားပါတယ်။
ထိန်းသိမ်းထားတဲ့သူတွေကို ဒီနေ့အထိ စစ်ဆေးမေးမြန်းတာတွေမရှိပေမယ့် ရွေးကောက်ပွဲမှာ မဲမသာမှုတွေရှိတယ်ဆိုတာမျိုး ဖိအားပေးလာမယ်ဆိုရင် လက်မခံဘူးလို့ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။