ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရသူများနဲ့ စည်းကမ်းလိုက်နာမှု
2020.04.02
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့နိုင်ငံတွေကနေပြန်လာပြီး နေအိမ်မှာစောင့်ကြည့်ခံရတဲ့သူတွေအနေနဲ့ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာဖို့က သိပ်ပြီးအရေးကြီးပါတယ်။ ဒီလိုမနေဘဲ အိမ်အပြင်ထွက်သွားလာနေတာမျိုးဟာ ရောဂါဖြန့်သလိုဖြစ်နိုင်တယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဌာနမှူး ဒေါက်တာထွန်းမြင့်က RFA ကို ပြောပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်း က ဒေါက်တာထွန်းမြင့် ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။