၀င်ငွေခွန်ကင်းလွတ်ခွင့် ဇုန်တွေတိုင်းနဲ့ ပြည် နယ်အသီးသီးမှာ ခွဲခြားသတ်မှတ်


2016.11.14

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွံ့ဖြိုးတိုးတက်မှုအနေအထားအလိုက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူတွေကို ဝင်ငွေခွန်ကင်းလွတ်ခွင့်တွေ ပေးဖို့အတွက် ဇုန် ၃ ဇုန် ခွဲခြားသတ်မှတ်ပြီး တင်ပြဖို့ ပြည်ထောင်စုအစိုးရက တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေထံ ညွန်ကြားထားပါတယ်။

လတ်တလော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ ဇုန်ခွဲခြားသတ်မှတ်မှုတွေ ဆောင်ရွက်နေပါတယ်။ စစ်ကိုင်းတိုင်း မြို့နယ်၃၇ မြို့နယ်ကို ဖွံ့ဖြိုးတိုးတက်မှုအလိုက် ဇုန်ခွဲခြား သတ်မှတ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။