အီရန်မှာ အဖမ်းခံထားရတဲ့ မြန်မာသင်္ဘောသားတွေအရေး ဆက်သွယ်မေးမြန်းချက်
ဖြူဖြူခိုင်
2021.01.08
2021.01.08
အီရန်နိုင်ငံမှာ ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား လောင်စာဆီတင်သင်္ဘော HANKUK CHEMI ပေါ်က မြန်မာသင်္ဘောသား ၁၁ ယောက် လွတ်မြောက်ဖို့အတွက် သင်္ဘောသားစေလွှတ်ထားတဲ့ ကုမ္ပဏီကတဆင့် အသေးစိတ် စုံစမ်းနေပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကူအညီ တောင်းထားတယ်လို့ မြန်မာရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းမြေ့က ပြောပါတယ်။
ညွှန်ကြားရေးမှူး ဦးချမ်းမြေ့ကို RFA သတင်းထောက် မဖြူဖြူခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။