အဆင့်မြင့်ပညာရေးဥပဒေကိစ္စ ဆွေးနွေးမှု မေးမြန်းချက်
2018.08.03
ကျောင်းသားသမဂ္ဂ ၆၃ ခုရဲ့ ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ မနေ့က တွေ့ဆုံပွဲမှာ အဆင့်မြင့်ပညာရေးဥပဒေမူကြမ်း ပြန်လည်ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းပြီးရေးဆွဲရာမှာ နိုင်ငံတဝှမ်းကရွေးချယ် တဲ့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေကို ပါဝင်ရေးဆွဲခွင့်ပြုဖို့ သဘောတူညီခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ များဥက္ကဋ္ဌ ကိုနန်းလင်း ကပြောပါတယ်။ ကိုနန်းလင်း ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။