တောင်ကြီး GE တပ်က လေးလောင်းပြိုင်လူသတ်မှု
2018.08.22
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က GE ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် နေအိမ်လိုင်းခန်းမှာ သြဂုတ်လ ၂ဝ ရက်နေ့က လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လက်ရှိ အခြေအနေအပေါ် တောင်ကြီးမြို့က ရှမ်းပြည်နိုင်ငံရေးအဖွဲ့ တာဝန်ခံ ဦးတင်မောင်တိုးကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။