နိုင်ငံတော်သမ္မတ ရေဘေးသင့်ဒေသခံတွေကို စားနပ်ရိက္ခာထောက်ပံ့


2016.08.20
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်၊ သာပေါင်း၊ ငါး သိုင်းချောင်းနဲ့ ကျုံပျော်မြို့တွေကို သွားရောက်ပြီး ရေဘေး သင့်ဒေသခံတွေကို ဆန်၊ ဆီနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့ပါတယ်။
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့က ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ကိုယ့်အစိုးရဖြစ်တဲ့အတွက် လိုအပ်ချက်တွေကို မကြောက်မရွံ့တင်ပြကြဖို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောပါတယ်။
ဦးမျိုးညွန့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။