လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေယံဦးနဲ့ တွေ့ဆုံမေးမြန်းချက်

ဖြူဖြူခိုင်
2020.08.25

နိုင်ငံရေး သိပ္ပံဘွဲ့နဲ့ ပြည်သူ့ရေးရာ မူဝါဒဘွဲ့တွေ ရရှိထားတဲ့ ဦးနေယံဦးဟာ နဂိုက နိုင်ငံရေးပညာရှင်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားသူပါ။ ဒါပေမဲ့ ပညာရှင်တွေရဲ့ အကြံပေးမှုတွေကို အစိုးရက နားထောင်လက်ခံတာမျိုး မတွေ့ရတဲ့အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ် အားကောင်းဖို့ ပါဝင်လုပ်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့လွှတ်တော် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်အရွေးချယ်ခံတော့မယ်လို့ ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းတချို့ ဦးစီးတည်ထောင်ထားတဲ့ ပြည်သူ့ပါတီရဲ့ အမတ်လောင်း ဦးနေယံဦးကို RFA သတင်းထောက် မဖြူဖြူခိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။