တောင်ကုတ် NLD ဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းချက်
စောဖိုးခွား
2020.10.14
2020.10.14
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း သုံးယောက်ကို ရွေးကောက်ပွဲကျင်းပဖို့ ၂၅ ရက်အလိုမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းသွားတာဟာ NLD ကို တိုက်ခိုက်တာဖြစ်တယ်လို့ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောပါတယ်။
ဒီဖမ်းဆီးသွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ အရပ်ဝတ်ဝတ်ထားတာကြောင့် ဘယ်လက်နက်ကိုင်ဆိုတာ မပြောနိုင်ပေမယ့် ရခိုင်စကားပြောတဲ့ အဖွဲ့ဖြစ်တယ်လို့ဆိုပါတယ်။ ဒီကိုယ်စားလှယ်လောင်းတွေ ဖမ်းဆီးခံရတဲ့ကိစ္စကို တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်ကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA ဘက်ကို ဆက်သွယ်မေးမြန်းနေပေမယ့် နှစ်ဖက်စလုံးကအကြောင်း မပြန်သေးပါဘူး။