ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌနှင့် မေးမြန်းချက်

2022.06.02

စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) က ပြင်ဆင်နေပါပြီ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာကြောင့် သတိနဲ့ သွားလာနေရပြီး၊ ကိုယ်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့် ယူထားရတယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက မေလ ၃ဝ ရက်နေ့က RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုပါတယ်။

စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့ကြား ဘယ်သူက အနိုင်ရမလဲဆိုတော့ မေးခွန်းကိုတော့ စစ်ကောင်စီကိုပဲ ပြည်သူလူထုက လက်ခံလိမ့်မယ်လို့ ဆိုပါတယ်။

လက်ရှိနိုင်ငံရေး အကြပ်အတည်းတွေကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးသင့်တယ်ဆိုတာကို ကြံ့ခိုင်ရေးပါတီဘက်က လက်ခံထားပေမယ့် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဒေသခံခုခံကာကွယ်ရေး တပ်ဖွဲ့ PDF တွေတော့ လောလောဆယ် မပါသင့်သေးဘူးလို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းကို RFA ဝိုင်းတော်သား စောဖိုးခွား မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။