၂ဝ၁၇ ကစပြီး Job Passport နဲ့သာ သွားရောက်အလုပ် လုပ်ကိုင်နိုင်မယ်
2016.10.13
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကြမယ့် အလုပ်သမားတွေဟာ လာမယ့်နှစ် ၂၀၁၇ ဇန်နဝါရီလကစပြီး သီးသန့် အလုပ်နိုင်ငံကူးလက်မှတ် Job Passport နဲ့သာ သွားရောက်အလုပ်လုပ်ကိုင်ကြရမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်တွင်းက အလုပ်သမားအေဂျင်စီပေါင်း ၂၀၀ ကျော်ကိုလည်း ညွှန်ကြားထားပြီးဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
ဦးမျိုးအောင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။