ကနီမြို့နယ် ချင်းတွင်းမြစ်တွင်းတိုက်ပွဲ
2021.10.27
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ ပြီးခဲ့တဲ့ တနင်္လာနဲ့ အင်္ဂါ ၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကနီမြို့နယ် PDF က ၁ဝ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က တပ်သား အများအပြား သေကြေဒဏ်ရာရပြီး PDF ဘက်က နှစ်ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။
ကနီ PDF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းဦးကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။