ငြိမ်းချမ်းရေးဆွေးနွေးနေမှုအခြေအနေ KNPP ဒုဥက္ကဋ္ဌ ခူဦးရယ်နဲ့ မေးမြန်းချက်
2018.07.22
အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်မှာ NCA အပစ်ရပ်လက်မှတ်ရေးထိုးပြီး ပါဝင်လာဖို့အတွက် အလွတ်သဘောတွေ့ဆုံမှုတွေ မကြာခဏ လုပ်ဆောင်သွားဖို့ အစိုးရက မူချမှတ်ထားပါတယ်။
မနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ KIA နဲ့ RCSS အဖွဲ့က ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတွေ တွေ့ဆုံခဲ့သလို လာမယ့် သြဂုတ်လဆန်းပိုင်းမှာလည်း KNPP နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ ညှိနှိုင်းထားပါတယ်။
လက်ရှိအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေမှုအခြေအနေတွေအပေါ် KNPP ဒုဥက္ကဋ္ဌ ခူဦးရယ် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။