တောင်သူတွေ မြန်မာယန်စီကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေး
2016.07.23
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက ၆ ထောင်ကျော်အတွက် မြေယာလျော်ကြေးပေးဖို့နဲ့ ဒေသခံနေ့စား အလုပ်သမားတွေကို မြန်မာယန်စီကုမ္ပဏီမှာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့ တောင်သူနှစ်ရာလောက်က မြန်မာယန်စီကုမ္ပဏီ တာဝန်ရှိသူတွေကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တေ့ွဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကံကုန်းကျေးရွာသား ကိုတင့်အောင်စိုးကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။