မန္တလေးမှာ ရေဘေးကြောင့် လူ ခြောက်ထောင်ကျော် နေရာပြောင်းရွှေ့ထားရ
2016.08.21
မနေ့ညက မိုးများပြီး ရေကြီးတာကြောင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်က အောင်ပင်လယ်၊ ကန်သာယာ၊ မြရည်နန္ဒာ၊ ထွန်တုံးနဲ့ အမှတ် (၄)ရပ်ကွက်တို့က နေအိမ်တွေရေနစ်မြုပ်ပြီး ဒေသခံ ခြောက်ထောင်ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။
ရေဘေးဒုက္ခသည်တွေကို သွားရောက်ကူညီနေတဲ့ ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။