မန္တလေးက အများပိုင်မြေနေရာ


2016.11.08

အရင်အစိုးရသက်တမ်းကုန်ခါနီးမှာ မန္တလေးတိုင်းဒေသကြီးအတွင်းက အများပိုင် မြေဧက ၁၀၀၀ ကျော်ကို ပုဂ္ဂလိကပိုင်အဖြစ် လွဲပြောင်းပေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ၂ လကြာ စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို မကြာခင်ရက်ပိုင်းအတွင်းမှာ အစိုးရအဖွဲ့ထံ တင်ပြသွားမှာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီမှာပါဝင်တဲ့ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။

ဦးမြင့်အောင်မိုး ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။