မောင်တောမြို့နယ်က ဆရာဆရာမတွေကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်
2016.10.13
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်တိုက်ခိုက်တာတွေရှိနေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး နေရပ်မပြန်နိုင်ကြသေးတဲ့ ဆရာ/ဆရာမပေါင်း ၁၇ဝ ကျော်တို့ကို ဒီနေ့ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ စတင်ခေါ်ဆောင်နေပြီလို့ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။
ဦးခင်အောင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။