မောင်တောက ရွာတွေကို လုံခြုံရေးကြောင့် စားနပ်ရိက္ခာကူညီပေးဖို့ ခက်ခဲ
2016.10.19
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေရှိပေမယ့် ထွက်မပြေးနိုင်ဘဲ ကျန်နေတဲ့ ကျေးရွာတွေလည်း ရှိပါတယ်။
အဲဒီကျေးရွာတွေကို စားနပ်ရိက္ခာအကူအညီတွေပေးဖို့သွားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့ ဝံလက် ဒေသဖံ့ွဖြိုးရေးဖောင်ဒေးရှင်းတို့ဟာ လုံခြုံရေးအရ ကျေးရွာအားလုံးဆီ မရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
ဝံလက် ဖောင်ဒေးရှင်းက ဒါရိုက်တာအဖွဲ့ဝင် ကိုအောင်ကျော်ဝင်းကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။